Hnin Su Phyu(MOO)

Meet Our Officers ဆိုတာ Youth Society for Education (YSE) မှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေ အဖွဲ့ဝင်တွေရဲ့ အဖွဲ့နဲ့ ပတ်သက်ပြီးသဘောထားတွေ၊ အတွေ့အကြုံတွေကို မျှဝေပေးနေတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ YSE အဖွဲ့ရဲ့ Finance Manager အဖြစ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ မနှင်းစုဖြူ နဲ့တွေ့ဆုံမေးမြန်းထားပါတယ်

Hnin Su Phyu Finance Manager

မေး။ ။ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါခင်ဗျ။

ဖြေ ။ ။ အစ်မနာမည်က နှင်းစုဖြူပါ။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ စာရင်းအင်းပညာ အထူးပြု မဟာတန်းပထမနှစ်တက်ရောက်နေပါတယ်။ အခု YSE မှာ Finance Manager အနေနဲ့ တာ၀န်ယူ Volunteer လုပ်ပေးနေပါတယ်။

မေး။ ။အမ အနေနဲ့ YSEကို ဘယ်လိုစသိခဲ့တာလဲ။

ဖြေ။ ။စာမေးပွဲပြီးတဲ့အချိန်မှာ YSE က Volunteer ခေါ်နေတယ်ဆိုတဲ့ Post လေးကို Facebook ကပဲ တွေ့ခဲ့တာပါ။ ပညာရေးအတွက် ကူညီပေးနေတဲ့အဖွဲ့မို့ တတ်နိုင်သလောက် ပါ၀င်ကူညီပေးချင်တာ‌ကြောင့် Officer အနေနဲ့ လျှောက်ဖြစ်ခဲ့ပါတယ်။ November လမှာ Officer ဖြစ်တာဆိုတော့ အခုဆို ၁၁ လနီးပါးရှိပါပြီ။ Finance Manager အနေနဲ့ ၀င်ငွေ ထွက်ငွေစာရင်း တိကျမှန်ကန်အောင် မှတ်တမ်းထိန်းသိမ်းပေးတာ၊ Project တွေမှာ အသုံးစရိတ် စီစစ်အောင် တွက်ချက်ထိန်းသိမ်းပေးတာ၊ ဘဏ်ငွေသွင်း ငွေထုတ်ကိစ္စရပ်တွေနဲ့ Finance Team နဲ့ ဆက်စပ်တဲ့ကိစ္စရပ်တွေအားလုံးကို တာ၀န်ယူဆောင်ရွက်ပေးနေပါတယ်။ ဒ့ါအပြင် Scholarship ၊ Clean Water Project စတဲ့ YSE Program တွေ Project တွေမှာလဲ တတ်နိုင်သလောက် အချိန်ပေးပြီး ကူညီပေးဖြစ်ပါတယ်။

မေး ။ ။ အစ်မအနေနဲ့ YSEရဲ့လုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုထင်မြင်ပါသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံမှာ ပညာသင်ယူဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးတွေ၊ လူငယ်လေးတွေ အများကြီးရှိပါတယ်။ သူတို့လေးတွေအတွက် YSE ရဲ့ လုပ်ဆောင်ချက်တိုင်းက တစ်ဖက်တစ်လမ်းကနေ အားဖြည့်ပေးမယ်လို့ယုံကြည်ပါတယ်။ မြန်မာနိုင်ငံဒေသအသီးသီးက ကျောင်းသားကျောင်းသူတွေ ပိုမိုကောင်းမွန်စွာ ပညာသင်ကြားနိုင်ဖို့ ထိထိရောက်ရောက် ကူညီပေးနိုင်အောင် YSE က အမြဲကြိုးစားနေပါတယ်။ ကျောင်းနေအရွယ်ကလေးတွေအတွက်သာမက အဆင့်မြင့်ပညာသင်ကြားနေတဲ့ တက္ကသိုလ်ကျောင်းသားလူငယ်တွေအတွက်လဲ ပညာ‌ရေးဆိုင်ရာ အခွင့်အလမ်းတွေ ဖန်တီးပေးနေတဲ့ Non-Profit Organization တစ်ခုဖြစ်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ YSE မှာလက်ရှိလုပ်ကိုင်နေတဲ့ Volunteer တွေကို ရင်ထဲကနေ ပြောချင်တဲ့ စကားတစ်ခွန်းလောက်ရှိရင် ဝေမျှပေးပါဦး ခင်ဗျ။

ဖြေ။ ။ YSE ကို‌ရောက်လာထဲက “ပညာရေးအတွက်” ဆိုတဲ့ ရည်ရွယ်ချက်ချင်းတူနေတဲ့ လူငယ်တွေလို့ ယုံကြည်ပါတယ်။ အတူအလုပ်တွဲလုပ်နေကြတဲ့ officer‌‌ တွေက ကျောင်းရော အလုပ်ရောနဲ့ မအားမလပ်တဲ့ကြားက ပညာရေးအတွက် အားတက်သရောကူညီပေးနေတဲ့လူငယ်တွေဖြစ်လို့ အားလုံးအတွက်‌ လေးစားဂုဏ်ယူရပါတယ်။ ကိုယ်ကိုယ်တိုင်လဲ အတွေ့အကြုံအသစ်တွေရခဲ့သလို ‌တစ်‌ယောက်နဲ့တစ်ယောက် မိသားစု၀င်တွေလို ချစ်ခင်ပေးကြတာမို့ တကယ်ပဲ နွေးထွေးပျော်ရွှင်ရပါတယ်။ အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အဲ့တာကြောင့် ပညာရေးကိုအမှန်တကယ် လိုအပ်နေတဲ့ကလေးတွေအတွက် YSE နဲ့ အတူတူကြိုးစား‌ကြရအောင်နော်။

Author : Aung Thura Min

Featured Posts