Game - Greatness, Action, Management, Emotion

Game ဆိုတဲ့ စကားလုံးအနက်အဓိပ္ပါယ်ကတော့ အတွေးများစေတာမို့ ဒီတစ်ပတ်အတွက်တော့ Game ဆိုတဲ့စကားလုံးကို လက်ဆောင်ပေးချင်ပါတယ်။ Game ဆိုတဲ့စကားလုံးကို အများစုလည်း ရင်းနှီးနေပြီးသားဖြစ်မှာပါ။ သင်တန်းတက်တဲ့အခါပဲဖြစ်ဖြစ် Training ပေးတဲ့အခါပဲဖြစ်ဖြစ် Game ဆိုတဲ့ Activity လေးကိုထည့်လိုက်ရင် အားလုံးက ပျော်ရွှင်စွာ ပါဝင်လာကြပါတယ်။ ဒါကြောင့် ဒီစကားလုံးလေးက ကျယ်ပြန့်တာမို့ အမြဲဆောင်ထားသင့်တဲ့စကားလုံးဆိုလည်း မမှားပါဘူး။ အခု စကားလုံးက အကုန်လုံးဆက်စပ်နေတာလေးကို မှတ်သားစေချင်ပါတယ်ဗျာ။ "G - Greatness - မြတ်နိုးမှု"ဆိုပြီးမှတ်ထားစေချင်ပါတယ်။