CUP - Collabrate, Ultimate, Power


မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ YSE ကနေ အပတ်စဉ် တင်ဆက်ပေးနေတဲ့ စကားလုံးလေးများ အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်အတွက်ကတော့ ကျွန်တော်တို့ နေစဉ်ထိတွေ့နေရတဲ့ CUP - ဆုဖလားဆိုပြီး အဓိပ္ပါယ် ဖွင့်လိုပါတယ်။ ဆုဖလားနဲ့ပတ်သက်လို့ကတော့ ပြိုင်ပွဲတွေအတွက် အသုံးပြုတာများပါတယ်။ CUP ဆိုတဲ့ စကားလုံးလေးကို ကျွန်တော်တို့ ဘယ်လိုမှတ်သားကာ သယ်ဆောင်သွားကြမလဲဆိုတာလေးကို ရှင်းပြလိုပါတယ်။

"C - Collabrate ပူးပေါင်းဆောင်ရွက်သည်" လို့အဓိပ္ပါယ်ရပါတယ်။ ပူးပေါင်းဆောင်ရွက်မှုဆိုတာ နေရာတိုင်းမှာ လိုနေတာကို အားလုံးလည်း သိပြီးဖြစ်မှာပါ။ ကျွန်တော်တို့တွေ နေထိုင်ရာ ပတ်ဝန်းကျင်မှာ တစ်ဦးတစ်ယောက်တည်း လုပ်နေတာထက် ပူးပေါင်းဆောင်ရွက်ရင် ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို မြန်ဆန်စွာ ရောက်ရှိနိုင်ပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းကနေ ရလာမယ့်အကျိုးအမြတ်တွေဟာ အများကြီးပါပဲ။ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာတဲ့အခါ ကိုယ်ပါဝင်လှုပ်ရှားနေတဲ့အဖွဲ့အစည်း သို့ ကုမ္ပဏီဟာ တိုးတက်လာမှာပါပဲ။ အတွေးအကြံကို တစ်ဦးတစ်ယောက်တည်းတွေးတောကြံဆတာထက် အများနှင့်တွေးတောတိုင်ပင်ကြံဆတာက ကိုယ်သွားလိုတဲ့ပန်းတိုင်ကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။

"U - Ultimate ကန့်သတ်မှုမရှိ"လို့ အဓိပ္ပါယ်ရပါတယ်။ အတွေးအကြံတွေကို အပေါ်ကပြောခဲ့သလို ပူးပေါင်းဆောင်ရွက်လိုက်ရင် အင်မတန် ကျယ်ပြန့်သွားနိုင်ပါတယ်။ ကိုယ်တွေးထားတာက တစ်မျိုး၊ အခြားသူတွေ တွေးပေးနေတာ တစ်မျိုး စသဖြင့် အတွေးအကြံတွေ တဖြည်းဖြည်းများလာပါမယ်။ အဲ့ဒီအခါ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတိုင်းဟာ အများနဲ့ဆောင်ရွက်ထားတဲ့အတွက် အကန့်အသတ်တစ်ခုထဲမှာပဲ ကြီးထွားလာတာမျိုးမဟုတ်တော့ဘဲ နယ်ပယ်အသီးသီးကို ချဲ့ထွင်လာနိုင်မှာပဲဖြစ်ပါတယ်။

"P - Power စွမ်းအား" ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်စွမ်အားကို တစ်ဦးတစ်ယောက်တည်း အကောင်အထည်ဖော်တာထက် အများနဲ့စုပေါင်းဆောင်ရွက်မယ်ဆိုရင် စွမ်းအား ပိုများပါလိမ့်မယ်။ အဓိကကတော့ ပူးပေါင်းဆောင်ရွက်မှုကနေ အခြေတည်လာပြီး အတွေးအကြံ၊ လုပ်နိုင်စွမ်းအားတွေဟာ ဒီထက်မက တိုးပွားလာနိုင်ပါတယ်လို့ ဆိုချင်ပါတယ်။

အားလုံးပဲ CUP ဆိုတဲ့စကားလုံးကို အမြဲသယ်ဆောင်သွားပါလို့ အကြံပြုလိုက်ရပါတယ်။

ဒီလို အင်္ဂလိပ်စကားလုံး လက်ဆောင်လေးတွေကို အပတ်စဉ်တိုင်း တင်ဆက်သွားမှာမို့ နောက်အပတ်တွေမှာ ဘယ်လိုစကားလုံးလေးတွေ တင်ဆက်ပေးသွားဦးမလဲဆိုတာ စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ ဖတ်ရှုခံစားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီစာလေးကိုဖတ်လိုက်လို့ တစ်စုံတစ်ရာ အမြင်လေးတွေ တိုးသွားမယ်ဆိုရင်လည်း သင့်သူငယ်ချင်းတွေကို ဝေမျှပေးလိုက်ကြပါဦး။

Author - Thwin Htoo Set Graphic - Thet Wai Htun

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon

ANY QUESTIONS?

  • Facebook - White Circle
  • Instagram - White Circle
  • LinkedIn - White Circle
  • YouTube - White Circle

California Branch (USA)

801 Southgate Ave,

Daly City, CA 94015

(P) +1 (574) 241-1411

(E) info.usa@ysenpo.org

Yangon Branch (Myanmar)

TRE Tower, 6th Floor, Mingalar Road

South Okkalapa Township, Yangon.

(P) +95 978-222-1020

(E) info.myanmar@ysenpo.org