top of page

ဖေဖော်ဝါရီ ၁၂ ရက်နေ့ဆိုတာ ...


လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား။ မဟုတ်ဘူး။ အသက်မကြီးပေးမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးပဲ။ (၁၉၄၄၊ မတ် ၁၄၊ ဗိုလ်သင်တန်းကျောင်းဆင်းမိန့်ခွန်း)

- ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ကို ကမ္ဘာ့ကလေးများနေ့ဟု သတ်မှတ်ထားသော်လည်း လမ်းစဉ်ပါတီခေတ်နှင့် စစ်အစိုးရလက်ထက်တစ်လျှောက် အသိအမှတ်ပြု ကျင်းပခြင်းမျိုးမှာ မရှိသလောက်ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်းမှာ ပါလီမန်ခေတ် ၁၉၅၆ ခုနှစ်ကပင် စတင်ခဲ့ပါသည်။

- ၁၉၅၆ ခုနှစ်အတွက် ကမ္ဘာ့ကလေးများနေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၌ကျင်းပရန် ယင်းနှစ်ဖေဖော်ဝါရီ လဆန်းပိုင်းကပင် ဆော်ဩခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့သို့ ပြောင်းလဲကျင်းပရန် ကလေးသူငယ် အကျိုးဆောင်အဖွဲ့ချုပ်နှင့် ပြည်ထောင်စုလူမှုဝန်ထမ်း ကောင်စီတို့က ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ (၁-၂-၁၉၅၆)ရက်စွဲပါ ဟံသာဝတီ သတင်းစာတွင် ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့သို့ ပြောင်းလဲလိုက်ကြောင်း ပြည်သူလူထုအား အသိပေးကြေညာခဲ့သည်။

- ပထမဆုံး ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သော ၁၃ ဖေဖော်ဝါရီ ၁၉၅၆ နံနက် ၇ နာရီခွဲ အချိန်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ကျင်းပခဲ့သည်။

- ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျွန်တော်တို့နိုင်ငံရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်သလို ကမ္ဘာ့ကလေးများများနေ့ဖြစ်ပါတယ်။

ကိုးကား :

Graphic : Thet Wai Htun

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page