top of page

Myat Thu Mon (MOO)


(1) ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါခင်ဗျား။ အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ YSE မှာတော့ Public Relations Manager အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ မမြတ်သူမွန် ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှာ ပထမနှစ် မဟာတန်းတက်ရောက်နေပါတယ်။ (2)အစ်မအနေနဲ့ YSE ကို ဘယ်လိုစသိခဲ့တာလဲ၊ ပြီးတော့ YSEမှာဘယ်လောက်ကြာလုပ်ဆောင်ခဲ့ပြီလဲ။ လက်ရှိမှာကော ဘယ်လိုProject မျိုးမှာ ပါဝင်နေသလဲ ဆိုတာလေးပြောပြပေးပါ။ YSE ကိုသိခဲ့ရတဲ့အကြောင်းကိုပြောရရင် တက္ကသိုလ်က သူငယ်ချင်း တော်တော်များများက YSE မှာ Volunteer အဖြစ် ပါဝင်လှုပ်ရှားနေကြတယ်။ သူတို့ဆီကပဲ YSE ရဲ့ Activities နဲ့ အကြောင်းအရာတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ သူတို့ပြောပြတာတွေကို စိတ်ဝင်စားမိတာကော ကိုယ်တိုင်လည်း စိတ်အားထက်သန်နေတာတွေကနေ YSE ကို 2019 ဧပြီလမှာ စတင်ဝင်ရောက်ကူညီခဲ့ပါတယ်။ အခုလက်ရှိမှာတော့ အဖွဲ့ရဲ့ Partner Organizations တွေနဲ့တွေ့ဆုံတဲ့အခါဖြစ်စေ အဖွဲ့ရဲ့ Representative တစ်ယောက်အနေနဲ့ သွားတွေ့ဖို့လိုအပ်တဲ့အခါဖြစ်စေ PR Manager တစ်ယောက်အနေနဲ့ပါဝင်ဆောင်ရွက်ပါတယ်။ Project Programs အပိုင်းမှာတော့ PR ဘက်ကနေ Video contest နဲ့ အခုလက်ရှိမှာတော့ After School Program တွေမှာ တခြား Officer တွေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ (3) အစ်မအနေနဲ့ YSEရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုထင်မြင်ပါသလဲ။ ပညာရေးဘက်မှာ ထူးချွန်ပါလျက်နဲ့ပညာဆက်သင်ခွင့်မရတော့တဲ့ ကျောင်းသားကျောင်းသူတွေကို ထောက်ပံ့ပေးရုံတင်မကပဲ အခုဆိုရင် ကျန်းမာရေးကဏ္ဍဘက်မှာလည်း ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲတွေ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ငွေကြေးထောက်ပံ့မှုတွေအပြင် Youth Empowerment Workshop တွေကိုလည်း လုပ်ဆောင်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီ Project, Programs တွေကတစ်ဆင့် YSE ဟာ လူမှုပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ (4)‌ နောက်ဆုံးအနေနဲ့ YSE မှာ လက်ရှိလုပ်ကိုင်နေတဲ့ Volunteer တွေကို ရင်ထဲကနေ ပြောချင်တဲ့ စကားတစ်ခွန်းလောက်ရှိရင် ဝေမျှပေးပါဦး။ လက်ရှိလုပ်ကိုင်နေတဲ့ Volunteers တွေကို ပထမဦးဆုံးပြောချင်တာကတော့ YSE Family Members ဖြစ်လာပေးကြတာရယ်၊ ဝိုင်းဝန်းဆောင်ရွက်ပေးကြရယ်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အတူတူ အလုပ်လုပ်နေရင်းနဲ့ အချင်းချင်းဆီကနေ သင်ယူလိုက်ရတာတွေ အများကြီးရှိပါတယ်။ အခုလိုမျိုး တက်ကြွထက်မြက်ပြီး တော်တဲ့သူငယ်ချင်းတွေနဲ့အတူ Volunteer လုပ်ခွင့်ရတဲ့အတွက် အမြဲတမ်း ဂုဏ်ယူနေမှာပါ။ ကျေးဇူးအများကြီးတင်ပါတယ်။

Content - Shwe Yee Thet Design - Thet Wai Htun

1 Comment


It’s great to see young individuals like Myat Thu Mon Moo being recognized for their educational leadership. Her journey reflects how structured planning and persistent effort can spark community progress. Behind such efforts, there’s usually a disciplined framework guiding initiatives at various levels. This showcases the importance of both program and project management in turning ideas into sustainable outcomes. Her story is a perfect blend of strategy and execution.

Like
Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page