top of page

Mindfulness ဆိုတာ ဘာလဲ။


Mindfulness ဆိုတာကတော့ ပစ္စုပန်မှာ နေထိုင်ခြင်း ဖြစ်ပါတယ်။ လူတွေဟာ ပစ္စုပန်မှာ ဘယ်လို နေထိုင်ကြမလဲ။ မိမိတို့ အခု လက်ရှိ လုပ်ဆောင်နေတဲ့ အလုပ်တအပေါ်မှာ စိတ်နှစ်ပြီး ဒီအလုပ်ကိုဘဲ အနှောက်အယှက်၊ ဝေဖန်ချက်တွေကို အာရုံမစိုက်ဘဲ ကိုယ့်ရဲ့လက်ရှိ စိတ်ကူး၊ အတွေးနဲ့ ခံစားချက်တွေကိုဘဲ ဂရုစိုက်ပြီး ကိုယ်လုပ်နေတာကိုဘဲ အဓိကထားပြီး လုပ်မယ်။ Mindfulness က ဘာကြောင့် အရေးကြီးတာလဲ။ ယခုခေတ်ကာလမှာ လူအများစုဟာ မိမိလုပ်နေတာထက် လုပ်ပြီးတာ၊ မလုပ်ရသေးတာတွေကို အာရုံစိုက်နေကြတယ်။ ဒီလို ဖြစ်တာက အလုပ်မပြီးစေတဲ့အပြင် မျှော်လင့်ချက်တွေပဲ ပိုဖြစ်စေတယ်။ ကဲ ဒါဆိုရင် Mindfulness ကို ဘယ်လို လေ့ကျင့်ယူမလဲ။ Marsha Linehan က Dialetal Behavior Therapy (DBT) မှာ ကို လေ့ကျင့်တဲ့နေရာမှာ နည်းလမ်းနှစ်သွယ် ခွဲပြထားခဲ့တယ်။ ဒီနည်းလမ်းနှစ်သွယ်ကတော့ What “ဘာလဲ”နဲ့ How “ဘယ်လို” တို့ပဲ ဖြစ်ပါတယ်။ What - ဘာလဲ ဒါကတော့ Mindfulness ကို လေ့ကျင့်နိုင်တဲ့ နည်းလမ်းနှစ်သွယ်ထဲက ပထမနည်းလမ်းဖြစ်ပါတယ်။ “What - ဘာလဲ”နည်းလမ်းကို လေ့ကျင့်ဖို့အတွက် အဆင့် သုံးဆင့်ရှိပါတယ်။ ပထမအဆင့် - စူးစမ်းလေ့လာခြင်း (Observe) လူတို့ဟာ မိမိတို့ရဲ့ ကိုယ်တွင်းပတ်ဝန်းကျင်(စိတ်)ကော ပြင်ပပတ်ဝန်းကျင်ကောပါ သေသေချာချာသိအောင် အမြဲ ဂရုတစိုက် စူးစမ်းနေရပါမယ်။ ဥပမာ - မိမိမြင်တဲ့အမြင် ကြားတဲ့အသံတွေကို ဂရုပြုခြင်း၊ မိမိ၏ ခံစားချက်များအပေါ် အာရုံထားခြင်း ဒုတိယအဆင့် - ပုံဖော်ခြင်း (Describe) လူတို့ဟာ မိမိတို့ရဲ့ အတွေ့အကြုံတွေကို ထင်မြင်ချက်၊ အကဲဖြတ်ချက်တွေမပါဘဲ ပုံဖော်ကြရပါမယ်။ ဥပမာ - ရုပ်ပုံတစ်ခုကို ကြည့်တဲ့အခါမှာ ရုပ်ပုံကို မြင်ရတဲ့အတိုင်း မိမိရဲ့ ခံစားချက်၊ ထင်မြင်ချက်တွေ မပါဘဲ ပုံဖော်တတ်ခြင်း တတိယအဆင့် - ပူးပေါင်းပါဝင်ခြင်း (Participate) လူတို့ဟာ မိမိတို့ရဲ့ အတွေ့အကြုံတွေထဲမှာ အဆုံးစွန် ပါဝင်ခံစားရပါမယ်။ ဥပမာ - သင် အက, ကနေလျှင် ထိုအကထဲတွင် အဆုံးစွန်ထိ စီးမြောခံစားကြရပါမယ်။ ဒီအဆင့်သုံးဆင့်ဟာ ဆိုရင် “What - ဘာလဲ” နည်းလမ်းကို လေ့ကျင့်နိုင်တဲ့ အဆင့်သုံးဆင့် ဖြစ်ပါတယ်။ How - ဘယ်လို ဒါကတော့ Mindfulness ကို လေ့ကျင့်နိုင်တဲ့ နည်းလမ်းနှစ်သွယ်ထဲက ဒုတိယနည်းဖြစ်ပါတယ်။ “How - ဘယ်လို”ဆိုတဲ့ နည်းလမ်းကို လေ့ကျင့်ခြင်း အဆင့် သုံးဆင့်ရှိပါတယ်။ ပထမအဆင့် - မိမိကိုယ်မိမိ အကဲမဖြတ်ခြင်း (Nonjudgment) လူတွေဟာ တစ်ခါတလေမှာ အကောင်းအဆိုး ဝေဖန်ပိုင်းခြားတဲ့ အကဲဖြတ်မှုတွေကို လက်လွှတ်ကြရပါမယ်။ ဒုတိယအဆင့် - အချိန်တစ်ခုတွင် အလုပ်တစ်ခုသာ လုပ်ခြင်း (One-mindfully) လူတွေဟာ တစ်ခါတစ်ရံမှာ အလုပ်တွေအများကြီးကို တစ်ပြိုင်တည်း လုပ်ချင်ကြပါတယ်။ ဒီလိုလုပ်တာကို အမှန်တကယ် ရှောင်ကြဉ်သင့်ပါတယ်။ လူတို့ဟာ အချိန်တစ်ခုမှာ အလုပ်တစ်ခုကိုသာ အာရုံစိုက်ပြီးလုပ်ခြင်းဖြင့် မိမိအလုပ်မှာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ တတိယအဆင့် - အကျိုးသက်ရောက်စွာနှင့်ထိရောက်စွာ (Effectively) ဒီဟာကတော့ အမှားအမှန်နဲ့ တရားမျှတမှု ရှိ မရှိ ဆုံးဖြတ်ချက်များကို လက်လွှတ်ခြင်းပဲ ဖြစ်ပါတယ်။ မိမိရဲ့ ပန်းတိုင်ရောက်ဖို့ ကျွမ်းကျင်လိမ္မာစွာ လျှောက်လှမ်းခြင်းလည်း ဖြစ်ပါတယ်။ လူတို့ဟာ မိမိတို့ လက်ရှိလိုအပ်တဲ့ အရာတစ်ခုကို အာရုံစိုက်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ Mindfulness ကို အပြည့်အဝရရှိအောင် အမှန်တကယ် လေ့ကျင်နိုင်ဖို့ဟာ မလွယ်ကူပါဘူး။ ဒါပေမယ့် Mindfulness ဟာ မိမိတို့ ဘဝပစ္စုပန်မှာ နေနိုင်ဖို့ တည့်မတ်ပေးနိုင်ပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အထောက်အကူပေးနိုင်ပါတယ်။ မိမိရဲ့ ခံစားချက်တွေကို ပိုမိုနားလည်လာအောင်နဲ့ ထိန်းချုပ်နိုင်အောင် အကူအညီပေးပါတယ်။ ဒီအရာတွေကို နေတိုင်းပုံမှန် အမြဲတမ်း လေ့ကျင့်ပေးရင် ပိုကောင်းပါတယ်။ ဒီအလေ့အကျင့်ဟာ တစ်နေ့ရဲ့ မိနစ်အနည်းငယ်ပဲ အချိန်ယူတာဖြစ်ပေမယ့် လူတွေရဲ့ဘဝကို ကြီးမားသော ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။ Youth Society for Education (YSE) ကို Article တွေကို အချိန်ပေးဖတ်ရှုကြတဲ့ လူတိုင်း လူတိုင်း ပိုမို ကောင်းမွန်ပြည့်စုံတဲ့ဘဝကိုဖန်တီးနိုင်အောင် ရေးသားပေးလိုက်ရပါတယ်။ ဒါကြောင့် ဒီနေ့ တင်ဆက်ခဲ့တဲ့ Mindfulness အလေ့အကျင့်ကိုလည်း ဂရုတစိုက် လေ့ကျင့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

Author - Tint Tharawun Graphic - Phyu Sin Mon Myat References - https://centerforchange.com/why-be-mindful/, https://www.headspace.com/mindfulness

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page