top of page

အင်္ဂလိပ်​စာလေ့လာနည်း

အင်္ဂလိပ်​စာသည် နိုင်​ငံတကာသုံးဘာသာရပ်​ ဖြစ်​ပြီး ယခု​ခေတ်​တွင်​ လူတိုင်းအလိုလိုပင်​ အင်္ဂလိပ်​စာကို ဘုံဘာသာစကား အဖြစ်​အသုံးပြုလာသည်​ကို မြင်​​တွေ့နိုင်​ပါသည်။ ထို့​ကြောင့်​လည်း အင်္ဂလိပ်​စာ၏ အ​​ရေးပါပုံကိုအနက်​အမျိုးမျိုး ဖွင့်​ဆိုခဲ့ကြပြီး ယခု​ခေတ်​အခါတွင်​လည်း အင်္ဂလိပ်​စာကို မရှိမဖြစ် ​လေ့လာထားသင့်​​သော ဘာသာရပ်​အဖြစ်​ သတ်​မှတ်​ထားကြပါသည်။

ကျွန်​မလိုပင် မြန်​မာပြည်​မှ ​ကျောင်းသူ ​ကျောင်းသား အများစုသည်​ အင်္ဂလိပ်​စာကို ​ရေးတတ်​ ဖတ်​တတ်​​နေ ကြပါသော်​လည်း ​ပြောထွက်​ရန်​ အလွန်​ပင်​ခက်​ခဲ​နေကြပါသည်​။ ထိုကဲ့သို့သော အခက်​အခဲများကို ကျွန်​မ အ​နေဖြင့် အမြဲ​အလိုလိုမေးခွန်းထုတ်​​ပြီးအဖြေရှာလေ့ရှိပါသည်။ ထိုကဲ့သို့အကြောင်းအရင်းများကြောင့် အင်္ဂလိပ်​စာသင်​ကြား​နေ​သော ဆရာမ တစ်​​ယောက်​အနေဖြင့် အင်္ဂလိပ်​စာ အ​ရေး၊ အဖတ်​ ၊ အ​ပြော နှင့် နားထောင်​မှုစွမ်းရည်​များအား မည်ကဲ့သို့လေ့လာသင့်ပုံ အဆင့်ဆင့်ကိုဖော်ပြမျှဝေလိုက်ပါသည်။