top of page

Three Types of Learning Styles

How can the students learn effectively in their lives? Well, we as the students did not realize the different ways of learning styles since we were young. We mostly rely and listen to the teachers whether or not we understand or like the lessons. That's why our education system is not regarded as CCA (child-centered education) aka SCA (student-centered education). Other countries are using CCA as the main teaching method which focuses on the child's progress and needs, and do not let the students rely on just the teachers. It also supports the development of the individual child’s personality and self-education process of the child.

ကျောင်းသား/သူတွေ ရေရှည် ပညာကို ဘယ်လို ထိထိရောက်ရောက် သင်ယူကြမလဲ? ကျွန်မတို့ ကျောင်းသား/သူတွေအနေနဲ့ ငယ်စဉ်ကတည်းက ပညာရပ်တွေ သင်ယူနည်းကို သတိမထားမိကြပါဘူး။ ဥပမာ ကျွန်မတို့ဟာ ပညာရပ်တွေကို ဘယ်လိုအကျိုးရှိရှိ ထိရောက်ကောင်းမွန်စွာသင်ယူရမယ်ဆိုတာကို မတွေးကြတော့ဘူး။ ပညာရပ်တွေ သင်ခန်းစာတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ များသောအားဖြင့် ဆရာတွေအပေါ်ကိုသာ မှီခိုနေကြပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ပညာရေးစနစ်က ကျောင်းသား/သူ ဗဟိုပြုလို့ ခေါ်တဲ့ CCA (child-centered education) သို့မဟုတ် SCA (student-centered education) မဖြစ်ခဲ့ပါဘူး။ တခြားနိုင်ငံတွေမှာ ကျောင်းသား/သူတွေရဲ့ တိုးတက်မှုနဲ့ လိုအပ်ချက်ကို အဓိကထားတဲ့ CCA ကို အဓိကသင်ကြားနည်းအဖြစ်အသုံးပြုပြီး ကျေားင်းသား/သူတွေကို ဆရာ/မတွေအပေါ်ကို မှီခိုခွင့်အပြုပါဘူး။ ဒီလို သင်ကြားနည်းဟာ ကျောင်းသား/သူ တစ်ဦးချင်းစီရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင် သင်ကြားမှု နည်းစနစ်တိုးတက်မှုတွေမှာ အထောက်အကူပြုပါတယ်။