Three Types of Learning Styles

December 25, 2018

How can the students learn effectively in their lives? Well, we as the students did not realize the different ways of learning styles since we were young.  We mostly rely and listen to the teachers whether or not we understand or like the lessons. That's why our education system is not regarded as CCA (child-centered education) aka SCA (student-centered education). Other countries are using CCA as the main teaching method which focuses on the child's progress and needs, and do not let the students rely on just the teachers. It also supports the development of the individual child’s personality and self-education process of the child.

 

ကျောင်းသား/သူတွေ ရေရှည် ပညာကို ဘယ်လို ထိထိရောက်ရောက် သင်ယူကြမလဲ? ကျွန်မတို့ ကျောင်းသား/သူတွေအနေနဲ့ ငယ်စဉ်ကတည်းက ပညာရပ်တွေ  သင်ယူနည်းကို သတိမထားမိကြပါဘူး။ ဥပမာ ကျွန်မတို့ဟာ ပညာရပ်တွေကို ဘယ်လိုအကျိုးရှိရှိ ထိရောက်ကောင်းမွန်စွာသင်ယူရမယ်ဆိုတာကို မတွေးကြတော့ဘူး။ ပညာရပ်တွေ သင်ခန်းစာတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ များသောအားဖြင့် ဆရာတွေအပေါ်ကိုသာ မှီခိုနေကြပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ပညာရေးစနစ်က ကျောင်းသား/သူ ဗဟိုပြုလို့ ခေါ်တဲ့ CCA (child-centered education) သို့မဟုတ် SCA (student-centered education) မဖြစ်ခဲ့ပါဘူး။ တခြားနိုင်ငံတွေမှာ ကျောင်းသား/သူတွေရဲ့ တိုးတက်မှုနဲ့ လိုအပ်ချက်ကို အဓိကထားတဲ့ CCA ကို အဓိကသင်ကြားနည်းအဖြစ်အသုံးပြုပြီး ကျေားင်းသား/သူတွေကို ဆရာ/မတွေအပေါ်ကို မှီခိုခွင့်အပြုပါဘူး။ ဒီလို သင်ကြားနည်းဟာ ကျောင်းသား/သူ တစ်ဦးချင်းစီရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင် သင်ကြားမှု နည်းစနစ်တိုးတက်မှုတွေမှာ အထောက်အကူပြုပါတယ်။

 

 

There are different types of learning styles which are very crucial for people to understand how students learn differently. In this article, I will discuss three main types of learning styles.

 

ကျောင်းသား/သူတွေ ဘယ်လိုသင်ယူတယ်ဆိုတာ နားလည်ဖို့အတွက် အဓိကကျတဲ့ သင်ကြားရေးပုံစံအမျိုးမျိုးရှိပါတယ်။ ဒီဆောင်းပါးမှာတော့ အဓိကကျတဲ့ သင်ကြားရေးပုံစံ (၃)မျိုးကို ဖော်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။

 

1.    Visual learners

Visual learners are those who focus on visible things and demonstrations. These kinds of learners prefer learning from the pictures since during childhood. Moreover, the beautiful decorations and drawing interesting cartoons in the classrooms can attract visual learners to be more attentive in school.

 

Visual learners တွေက သရုပ်ပြခြင်းတွေနဲ့ မြင်ရတဲ့ အရာဝတ္ထုတွေအပေါ် အာရုံစိုက်ကြပါတယ်။ ဒီလိုမျိုး သင်ယူတတ်တဲ့သူတွေ (အထူးသဖြင့် ကလေးတွေ)ဟာ ရုပ်ပုံတွေက သင်ယူရတာကို နှစ်သက်ကြပါတယ်။ ဒါ့အပြင် ကျောင်းမှာရှိတဲ့ လှပတဲ့ အလှဆင်ပစ္စည်းတွေ၊ စာသင်ခန်းမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ပုံတွေဆွဲခြင်းဟာ visual learners တွေကို ကျောင်းမှာပျော်ရွှင်စေသည့် အပြင် ဆရာ/မတွေနဲ့ အတန်းဖော်တွေကို ခုံမင်နှစ်သက်စေပါတယ်။

 

2.    Auditory learners

Auditory learners are those who prefer learning by listening to songs, voices and participate in the discussion. The auditory learners could retain information more if they have the chance to learn through sound and speech. They can also absorb the contents by listening to the other's reciting voices.

 

Auditory learners တွေကတော့ သီချင်းတွေ၊ အသံတွေ၊ ဆွေးနွေးခြင်းတွေမှာ ပါဝင်ပြီး သင်ယူရတာကို နှစ်သက်သူများဖြစ်ပါတယ်။ Auditory learners တွေဟာ သူတို့ အသံတွေ၊ စကားပြောခြင်းတွေကနေ အချက်အလက်တွေကို ပိုပြီးမှတ်ယူနိုင်ပါတယ်။ တစ်ခြားသူတွေရဲ့ စာရွတ်ဖတ်သံကို နားထောင်ရာမှလည်း အကြောင်းအရာ အချက်အလက်များကို မှတ်မိနိုင်ပါတယ်။

 

3.    Kinesthetic learners
 

Kinesthetic learners are those who would like to learn by engaging physically during the learning process. For example, in high school biology lessons, the kinesthetic learners prefer touching and cutting fishes and frogs to experience and learn the structure and function of their bodies. Using their bodies and hands, the kinesthetic learners understand, learn, and absorb the concept more.

 

Kinesthetic learners တွေက သင်ယူနေစဉ်အတွင်း ကိုယ်တိုင်ကိုယ်ကျ ထိတွေခြင်းဖြင့် သင်ယူရတာကို နှစ်သက်ကြပါသည်။ ဥပမာ အထက်တန်းမှာ သင်ကြားရတဲ့ ဇီဝဗေဒသင်ခန်းစာတွေမှာ kinesthetic learners တွေအနေနှင့် ငါးတွေ ဖားတွေကို ထိတွေ့ခြင်း၊ ခွဲခြင်းတွေကနေ အတွေ့အကြုံယူပြီး ငါးတွေ ဖားတွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် အလုပ်လုပ်ပုံတွေကို လေ့လာရတာကို ပိုနှစ်သက်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေ၊ လက်တွေကို အသုံးချခြင်းဖြင့် kinesthetic learners တွေဟာ အသိပညာတွေကို ပိုမိုနားလည် သင်ယူနိုင်ပါကြပါတယ်။

 

Each learning style or method has its own benefits for the learners in their studies. Hence, our 45 minutes class sessions should include all three types of learning styles: Visual, Auditory, and Kinesthetic to support all types of students. Since Myanmar is in the transition process of educational reform, it is important to value the three types of learning styles and CCA (child-centered education) to have great impacts on students’ learning process.   

 

ထိုသင်ကြားရေးပုံစံသုံးမျိုးစလုံးသည် သက်ဆိုင်ရာ လေ့လာသူများအတွက် အကျိုးကျေးဇူးများရှိပါတယ်။ ထို့ကြောင့် ကျွန်မတို့၏ ၄၅ မိနစ်စာ စာသင်ချိန်တွေမှာ ကျောင်းသား/သူတွေသင်ကြားရေးကို အထောက်အပံ့ပြုတဲ့ အမြင်၊အသံ၊ ရုပ်လှုပ်ရှားမှု စတဲ့ သင်ကြားရေးပုံစံ ၃မျိုးကို ထည့်သွင်းသင့်ပါသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကာလ နှင့် ပညာရေးပြုပြင်ပြောင်းလဲမှုကာလတွေမှာ ယခုဖော်ပြဆွေးနွေးသွားတဲ့ သင်ကြားမှုပုံစံ ၃မျိုးနှင့် ကျောင်းသားဗဟိုပြု ပညာရေးတွေဟာ ကျောင်းသား/သူတွေရဲ့ သင်ယူမှုလုပ်ငန်းစဉ်တွေမှာ များစွာအကျိုးသက်ရောက်မှုရှိသည်သာဖြစ်ပါသည်။

 

 

 

 

 

 

Share on Facebook
Share on Twitter
Please reload

Featured Posts

YSE at Burmese Literary Talk

September 26, 2017

1/1
Please reload

Recent Posts