top of page

Educational Psychology Workshop (Wed, July 4th 2018)

YSE is holding an Educational Psychology workshop for everyone who is interested in the scientific study of human learning. Mr. Chamroeun Lim from Hawaii Department of Education will be leading this workshop at Chingdwin College (Thein Phyu Campus) from 9:00 AM to 3:00 PM on July 4, 2018.

"ပညာရေးစိတ်ပညာ နှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ " ယနေ့အခါ၌ ဆိုရှယ်မီဒီယာ အင်တာနက် ဂိမ်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ကလေးငယ်တို့ ၏ အာရုံစူးစိုက်သင်ယူလေ့လာနိုင်စွမ်းသည် များစွာအနှောင့်အယှက်ပေးခံနေရပါသည်။ ထို့ ကြောင့်လည်း ပညာဖြန့်ဝေပေးနေသော ဆရာဆရာမများအနေဖြင့် ကလေးတို့ ၏ အာရုံစူးစိုက်မှုနှင့် သင်ယူလေ့လာနိုင်စွမ်းများ ပိုမိုရရှိစေရန် သင်ကြားနည်းပေါင်းစုံ အသုံးပြုနေရပေသည်။ ကလေးတစ်ယောက်ရဲ့ ဦးဏှောက်၊စိတ်နှင့် နှလုံးသားထဲထိပါ စိမ့်ဝင်အောင် သွန်သင်ပြသဆုံးမနိုင်ဖို့  သင်ကြားနည်းစနစ်အကြံဥာဏ်ကောင်းများကို မျှဝေပေးရန် Youth Society For Education မှ နိုင်ငံတကာအတွေ့အကြုံရှိ ပညာရှင်တစ်ယောက်အား ဖိတ်ကြားထားပါသည်။

ကလေး ပညာရေး စိတ်ပညာနှင့်ပတ်သက်သည့် နည်းစနစ်ကောင်းများကို လေ့လာနိုင်သည့် အခွင့်အရေးတစ်ရပ် ဖြစ်သောကြောင့် ဆရာဆရာမများ မိဘများ နှင့် စိတ်ဝင်စားသူမည်သူမဆို တတ်ရောက်သင့်သော ပွဲလေးဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားတာမို့ စိတ်ပါဝင်စားပြီးတက်ရောက်ချင်သူများအနေဖြင့် ၀၉-၄၄၁၄၉၅၇၉၇ သို့ဆက်သွယ်ပြီး စာရင်းပေးနိုင်ပါသည်။ Youth Society for Education (NPO) အကြောင်း သိရှိလိုပါက Youth Society for Education ၏ website www.youthsocietyforeducation.org တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။ Youth Society for Education တွင် member ၀င်လိုသောကြောင့်ဖြစ်စေ၊ လှူဒါန်းလိုသောကြောင့်ဖြစ်စေ စုံစမ်းလိုပါက မသဇင်မိုး (Vice President) ၀၉- ၄၄၁၄၉၅၇၉၇ သို့ဆက်သွယ်နိုင်ပါသည်

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page