top of page

စံထက်အောင်


မင်္ဂလာပါ YSEerတို့ရေ ️ ဒီတစ်ပတ် YSEer တို့အတွက် ဘာလို့ ကျောင်းစာပြင်ပလှုပ်ရှားမှုတွေ လုပ်သင့်လဲဆိုတာကို ပြောပြမယ့်သူကတော့ ရန်ကုန် နည်းပညာတက္ကသိုလ် YTU မှာ မက္ကာထရောနစ်ဘာသာရပ်ကို ၂ နှစ်တက်ရောက်ခဲ့ပြီး လက်ရှိမှာ‌‌တော့ မလေးရှားနိုင်ငံ Universiti Teknologi Petronas မှာ Electrical and Electronics Engineering ဘွဲ့ကြိုတန်းကို တက်ရောက်လျက်ရှိတဲ့ ကိုစံထက်အောင်ပဲ ဖြစ်ပါတယ်။ ကိုစံထက်အောင်ဟာ တက္ကသိုလ်ဝင်တန်းကို အထက (၂) ဗဟန်း၊ နန်ယန်ကျောင်းမှ အမှတ်ပေါင်း ၅၄၈ မှတ်နဲ့ ၂၀၁၅ ခုနှစ်မှာ ဖြေဆိုအောင်မြင်ခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်က ကျင်းပတဲ့ Samsung Scholarship Quiz Program မှာ နိုင်ငံအဆင့်ပထမနဲ့ ဆုငွေသိန်း ၇၀၀ ကျပ် ရရှိခဲ့သူလည်းဖြစ်ပါတယ်။ YTU တက်စဉ်အတောအတွင်းမှာ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ၌ ပါဝင်လှုပ်ရှားခဲ့ပြီး မှတ်တမ်းထိန်းသိမ်းရေးမှူးတာဝန်မှ ဗဟိုအလုပ်အမှုဆောင်တာဝန်အထိ ထမ်းဆောင်ခဲ့ပါတယ်။ YTU Student Union Grant ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး YTU Innovation Challenge၊ Myanmar Career Expo 2018 စတဲ့ event များကိုလည်း ဦးစီးစီစဉ်ခဲ့ပါတယ်။ ပထမအကြိမ် Model ASEAN Meeting Myanmar MAMM 2016 မှာပါဝင်ခဲ့ပြီး ကိုယ်စားပြုခဲ့တဲ့ Team Thailand ဟာ The Best Team အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် 2018 ASEAN Data Science Explorer ပြိုင်ပွဲမှာ National Runner-up ဖြစ်ခဲ့ပြီး အာဆီယံ အထွေထွေအတွင်းရေးမှူးရုံးမှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၁၈ မတ်လကနေ ၂၀၁၈ ဒီဇင်ဘာလအထိ MYEO ရဲ့ Content Team မှာ Web Content Writer And Content Analyst အဖြစ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၉ ဇန်နဝါရီကနေ ၂၀၁၉ စက်တင်ဘာလအထိကိုတော့ MYEO ရဲ့ Content and Digital Platform Team Leader အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ကျောင်းစာပြင်ပလှုပ်ရှားမှုများစွာ ပြုလုပ်ထားသူ ကိုစံထက်အောင်ဟာ ကျောင်းစာပြင်ပလှုပ်ရှားမှုတွေ လုပ်သင့်သည့်အကြောင်းကို အခုလိုပဲပြောပြထားပါတယ်။

"ကျောင်းစာပြင်ပလှုပ်ရှားမှုတွေက ကိုယ့်ရဲ့ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက အတတ်ပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူပြုပါတယ်။ ကန့်သတ်ချက်အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် စာသင်ခန်းထဲမှာ သင်ယူလေ့လာဖို့ ခဲယဉ်းပေမယ့် လက်တွေ့ဘ၀မှာ အသုံးချဖို့လိုအပ်တဲ့ အသိအမြင်တွေ၊ အမူအကျင့်တွေကို ကျောင်းစာပြင်ပလှုပ်ရှားမှုတွေကနေ ရရှိလာနိုင်ပါတယ်။ အသင်းအဖွဲ့နဲ့ စုပေါင်းဆောင်ရွက်တတ်လာတာ၊ လူမှုပတ်ဝန်းကျင်နဲ့ ပြောဆိုဆက်ဆံတတ်လာတာ၊ အတွေးသစ်အမြင်သစ်တွေ ရှိလာတာ၊ အရင်က ရှိလို့ရှိမှန်းတောင် မသိတဲ့ အခွင့်အလမ်းတွေကို မြင်လာတာ စသဖြင့်ပေါ့။ ကျောင်းပြီးတာနဲ့ ဝင်ရောက်ရမယ့် အပြင်လောကမှာ ဘာတွေရှိလဲ၊ ဘာတွေလိုလဲဆိုတာ သိချင်ရင်တော့ ကျောင်းမပြီးခင်ကတည်းက သူ့အကြောင်း တီးမိခေါက်မိရှိထားမှ အဆင်ပြေပါလိမ့်မယ်"

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page