top of page

ကောင်းဇာနည်နိုင်


မင်္ဂလာပါ YSEer တို့ရေ

ဒီတစ်ပတ် YSEer တို့အတွက် ကျောင်းစာပြင်ပလှုပ်ရှားမှုတွေလုပ်သင့်တဲ့အကြောင်းကို ပြောပြပေးသွားမယ့်သူကတော့ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ပဥ္စမနှစ် မက္ကာထရောနစ်အင်ဂျင်နီယာ ကျောင်းသား ကိုကောင်းဇာနည်နိုင်ပဲ ဖြစ်ပါတယ်။

ကိုကောင်းဇာနည်နိုင်ဟာ US Embassy Exchange Program တစ်ခုဖြစ်တဲ့ Burma Youth Leadership Program 2016 ဖြင့် အမေရိကန်နိုင်ငံ Indiana University, Bloomington သို့သွားရောက်ခဲ့သူတစ်ဦးဖြစ်ပြီး Program နောက်ဆက်တွဲအနေနဲ့ BYLPs on the Road ဆိုတဲ့ Project ဖြင့် မန္တလေး၊ ဖားအံနဲ့ လားရှိူးမြို့တွေမှာ Youth Empowerment Workshop တွေပြုလုပ်ခြင်း၊ ဒေသခံလူငယ်တွေနဲ့အတူ စာသင်ကျောင်းတွေကို အသုံးပြုပြီးသောတာယာများကို အဓိကအသုံးပြု၍ ကစားကွင်းတွေ ဆောက်လုပ်ပေးခြင်းတို့ကိုလည်းပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် Japan Ministry of Economy, Trade and Industry ရဲ့ထောက်ပံ့မှုနဲ့ NIN2 (Nippon New Network for Innovation) မှကျင်းပတဲ့ Myanmar Business Competition တွင် ပထမဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ 2017 ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပခဲ့တဲ့ ADSE (ASEAN Data Science Explorers) Competition National Round တွင်လည်း အနိုင်ရရှိခဲ့ပြီး Jakarta မြို့ ASEAN Secretariat တွင်ကျင်းပခဲ့တဲ့ ADSE Regional Round တွင် National Winner အဖြစ် Leaving No One Behind ဟူတဲ့ခေါင်းစဉ်နဲ့ Quality Education နဲ့ပတ်သက်လို့ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တင်ပြခဲ့ပါတယ်။

ASEAN Foundation မှ ကျင်းပပြုလုပ်တဲ့ 4th Model ASEAN Meeting မှာ ပါဝင်ခဲ့ပြီး အာဆီယံဖောင်ဒေးရှင်းအသိအမှတ်ပြု Model ASEAN Meeting Trainer တစ်ဦးလည်းဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ Hitachi Young Leaders Initiative 2019၊ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ကျင်းပမယ့် 2nd World Youth Assembly for Road Safety နဲ့ 3rd Global Ministerial Conference on Road Safety တို့ကိုလည်း တက်ရောက်ခွင့်ရခဲ့ပါတယ်။

ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံအဖြစ်လည်း ထမ်းဆောင်ခဲ့ဖူးပြီး American Center iNature Environmental Club နဲ့ Teens and Dreams ဆယ်ကျော်သက်ကွန်ယက်တို့မှာလည်း အလုပ်အမှုဆောင်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ MakerFest Myanmar 2020 ရဲ့ Organizer တစ်ဦးလည်းဖြစ်သူ ကိုကောင်းဇာနည်နိုင်ဟာ ကျောင်းစာပြင်ပလှုပ်ရှားမှုတွေ လုပ်သင့်တဲ့အကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။

"ကျောင်းစာပြင်ပလှုပ်ရှားမှုတွေလုပ်ရင် ဘာမှမလုပ်ဘဲနေရင် တွေ့ရနိုင်မှာမဟုတ်တဲ့ လူမျိုးစုံ၊ အခြေအနေမျိုးစုံနဲ့ ကြုံတွေ့ရနိုင်တယ်။ ဒါတွေကနေတစ်ဆင့် လောကအကြောင်း နည်းနည်းပိုသိရနိုင်တော့ လူအထင်ကြီးခံရအောင် ဆိုတဲ့ ရည်ရွယ်ချက်သက်သက်နဲ့လုပ်တာ မဟုတ်ရင် ကိုယ့်အတွက် အကျိုးရှိတယ်။ အထူးသဖြင့် လုပ်အားပေးလုပ်တာမျိုးဆို ကိုယ့်လုပ်အားကြောင့် တစ်ခြားသူတွေအတွက် အကျိုးဖြစ်တာကို သိရတဲ့ခံစားမှုမျိုးက အရမ်းကိုတန်ဖိုးရှိပါတယ်။"

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page