စာရေးဆရာမ မပိုးသားရွှေနှင့် တွေ့ဆုံခြင်း

YSE မှဦးစီးကျင်းပသည့် "COVID-19 နှင့်လူငယ်"ဆောင်းပါးပြိုင်ပွဲမှာ ရွေးချယ်စိစစ်ရေး ဒိုင်အဖြစ် ပါဝင်ကူညီပေးခဲ့သော စာရေးဆရာမ မပိုးသားရွှေနှင့် တွေ့ဆုံထားခြင်းဖြစ်ပါသည်။

(၁) ကလောင်အမည်နဲ့ စာပေလောကထဲ ဘယ်အချိန်က စတင်ဝင်ရောက်ခဲ့တာလေး ပြောပြပေးပါဦးခင်ဗျ။

ကလောင်အမည်က ပိုးသားရွှေပါ။ ၂၀၁၆ ခုနှစ် စံတော်ချိန်သတင်းစာကနေ "အလွမ်းမိုးတွေ ရွာတဲ့နေ့" ဝတ္ထုနဲ့ စတင်ဝင်ရောက်ခဲ့ပါတယ်။ ဒီနေ့ထိ စာနယ်ဇင်းတွေမှာ ဆက်လက်ရေးသားနေဆဲပါ။ "ရွက်ဝါတွေပြန်စိမ်းလေမည်လား"အမည်ရှိ ရသစာတမ်းစာအုပ်တစ်အုပ် ၂၀၁၉ ထဲမှာ ထုတ်ဝေထားခဲ့ပါတယ်။

(၂) ဆောင်းပါးပြိုင်ပွဲ သို့ ၀တ္ထုပြိုင်ပွဲတွေမှာ ရွေးချယ်ရေး ဒိုင်အဖြစ် လုပ်ခဲ့ဖူးတာရှိရင် ပြောပြပေးပါဦးခင်ဗျ။

ရွှေကလောင်ပျိုးခင်းဂရုမှာ ရသဝတ္ထုတိုပြိုင်ပွဲမှာ အကဲဖြတ်အဖြစ် လစဥ် အကဲဖြတ်ပေးနေတာ ၂ နှစ်ရှိပါပြီ။

(၃) YSE မှ ပြုလုပ်တဲ့ Covid 19 နဲ့လူငယ် ဆောင်းပါးပြိုင်ပွဲမှာ ဒိုင်အဖြစ်ဆောင်ရွက်ရတဲ့အခါ တွေ့ကြုံရတဲ့ အမှတ်တရလေးကို ပြောပြပေးပါဦးခင်ဗျ။

ခေါင်းစဥ်တစ်ခုတည်းအောက်မှာ ကန့်သတ်ရေးရတဲ့အတွက် အကြောင်းအရာတူတွေ များနေပါတယ်။ ဆောင်းပါးဆိုတာ အချက်အလက်ကို အားပြုရေးရတာဖြစ်တဲ့အတွက် DATA တွေထည့်တဲ့အခါ နေ့ရက်လေးတွေ(ဘယ်နေ့ထိ)ဆိုတဲ့ ဒေတာတွေ ထည့်ရေးပေးဖို့လိုအပ်ပါတယ်။ အသက်ငယ်သေးတဲ့ ကလေးတွေ ဆယ်တန်းဖြေထားတဲ့ ကလေးတွေတွေ့ရတော့ အားရှိပါတယ်။ Covid 19 နဲ့ လူငယ်ဆိုပေမဲ့ စတေးဟုမ်းကာလ အချိန်ကို အကျိုးရှိစွာ ဘယ်လိုအသုံးချမလဲ ရေးကြတာများပါတယ်။ အဲဒါထက် ပရဟိတအတွေ့အကြုံလေးတွေ ၊ New Normal နဲ့ ယှဥ်တွဲနေထိုင်ရမဲ့ပုံစံ၊ ခရီးသွားလာရမဲ့ပုံစံ၊ လိုက်နာသင့်တဲ့ စည်းကမ်း၊ Social Media ရဲ့ Blaming မကောင်းတဲ့အကြောင်း၊ အနာဂတ်လူငယ်တွေ ဘယ်လိုနေထိုင်သင့်ကြောင်း ရေးပြနိုင်ရင် ပိုကောင်းပါမယ်။ ခေါင်းစဥ်ပြောင်းတပ်ပေးတဲ့သူတွေနဲ့ တွေ့ရလို့လည်း ဝမ်းသာမိပါတယ်။ ဆောင်းပါးပြိုင်ပွဲမှာ ဝတ္ထုပုံစံတချို့ပါလာတော့ ဝတ္ထုရေးသားနိုင်မဲ့ လူငယ်လေးတွေကိုတွေ့ရတာ ဝမ်းသာမိပါတယ်။ (၄) လူငယ်တွေရေးသားတဲ့ ဆောင်းပါးတွေ ဖတ်ရတဲ့အခါ ခံစားရတဲ့ ပီတိ သို့ သဘောကျတဲ့ စာသားလေးရှိရင် ပြောပြပေးပါဦးခင်ဗျ။

လူငယ်တွေရဲ့ Internet ကို အကျိုးရှိအောင် အသုံးချလာနိုင်မဲ့ အနာဂတ်ကိုမြင်ရတဲ့အတွက် ပီတိဖြစ်မိပါတယ်။ စာရေးမယ်ဆို ခေါင်းစဥ်ပေးထားပေမဲ့ လိုက်ဖက်အောင်ပြောင်းလဲတတ်တဲ့ သုတချို့ကိုလည်း တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ စာပေကို စိတ်ဝင်စားတဲ့ လူငယ်တွေ တွေ့လာရတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ အနာဂတ်က လူငယ်တွေလက်ထဲမှာပါ။ သုတအတွက်ကျောင်းစာ စိတ်ခွန်အားဖြစ်မဲ့ စာတွေဖတ်ရသလို စိတ်အပန်းဖြေဖို့ ရသစာပေကိုလည်း ဖတ်ရတာပါတယ်။ စိတ်အဟာရလို့ ခေါ်တာပေါ့လေ။ အလိမ္မာ စာမှာရှိတဲ့ စာရေးပါ။ စာဖတ်ပါ။ စာထဲက အသိလိမ္မာတွေ တိုးပွားနိုင်ပါစေ။ ထူးချွန်ထက်မြက်တဲ့သူတွေဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

(၅) နောက်ဆုံးအနေနဲ့ ထပ်ဖြည့်ပြောချင်တာလေးတွေရှိရင် ဖြည့်ပြောပေးပါဦးခင်ဗျ။

နောင်ကို ပြိုင်ပွဲတွေ များများ လုပ်ပေးနိုင်ပါစေလို့ ပြိုင်ပွဲကျင်းပတဲ့ YES ကိုလဲ ဆုတောင်းပေးပါတယ်။ ပြိုင်ပွဲကျင်းပတဲ့အဖွဲ့ကို ကျေးဇူးတင်ပါတယ်။ စာဖတ်ခြင်းနဲ့ လူငယ်တွေက အနာဂတ်အတွက် ကြယ်လေးတွေဖြစ်လာပါလိမ့်မယ်။ တကယ်တော်တဲ့ စာရေးသူလေးတွေကို တွေ့နေရပါတယ်။ အမည်တွေဖြုတ်ပြီးပို့တဲ့အတွက် ခေါင်းစဥ်တွေတူနေတော့ စာမူရွေးရာမှာ ခက်ခဲတာတစ်ခုတော့ ရှိပါတယ်။ ခေါင်းစဥ်မတူတဲ့အခါတော့ ကလောင်အမည်ဖြုတ်ပို့လည်း ကိစ္စမရှိဘူးပေါ့။ ခုတော့ နည်းနည်းလေး အစကနေ ပြန်ပြန်ဖတ်ပြီးရွေးရတာ လက်ဝင်တာပေါ့။

လူငယ်တွေလက်ထဲက အနာဂတ်တွေ တောက်ပကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အခုလိုဖြေကြားပေးတဲ့ စာရေးဆရာမ မပိုးသားရွှေအား ကျွန်တော်တို့ YSE အဖွဲ့မှ အထူးပင် ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျ။

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon

ANY QUESTIONS?

  • Facebook - White Circle
  • Instagram - White Circle
  • LinkedIn - White Circle
  • YouTube - White Circle

California Branch (USA)

801 Southgate Ave,

Daly City, CA 94015

(P) +1 (574) 241-1411

(E) info.usa@ysenpo.org

Yangon Branch (Myanmar)

TRE Tower, 6th Floor, Mingalar Road

South Okkalapa Township, Yangon.

(P) +95 978-222-1020

(E) info.myanmar@ysenpo.org