top of page

စိုင်းစိုင်းဟန်ဟတ်

သူငယ်ချင်းတို့ရေ မင်္ဂလာပါနော် ❤️

ဒီတစ်ပတ်မှာလည်း သူငယ်ချင်းတို့အတွက် ကျောင်းစာပြင်ပလှုပ်ရှားမှုတွေ ဘာလို့လုပ်သင့်လဲဆိုတာကို ပြောပြပေးသွားမယ့်သူတစ်ဦးရှိနေပြန်ပါတယ်။ သူကတော့ ဆေးတက္ကသိုလ် မန္တလေးမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကိုစိုင်းစိုင်းဟန်ဟတ်ပဲဖြစ်ပါတယ်။

ကိုစိုင်းစိုင်းဟန်ဟတ်ကတော့ UNDP Bangkok Regional Hub၊ UN SDG Campaign နဲ့ UN Asia-Pacific Volunteers ကနေ ဦးစီးကျင်းပတဲ့ Volunteer Program တစ်ခုမှာ MY Worlld 2030 Asia Pacific Field Advocate တစ်ယောက်အနေနဲ့ လုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး SDGs၊ Sex Education နဲ့ နိုင်ငံခြားပညာသင်ဆုဆိုင်ရာ ဆောင်းပါးများ ရေးသားလျက်ရှိပါတယ်။

မကြာမီသေးခင်က Social Issue နဲ့ဆိုင်တဲ့ Project တစ်ခုကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တစ်ပတ်တာပြုလုပ်ခဲ့ပြီး အခုလက်ရှိမှာလည်း Adhipati Education Group မှာ Content Writer အနေနဲ့ လုပ်ကိုင်လျက်ရှိသူ ကိုစိုင်းစိုင်းဟန်ဟတ်ဟာ‌ ကျောင်းစာပြင်ပလှုပ်ရှားမှုတွေ လုပ်သင့်တဲ့အကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။

“ကျောင်းပြင်ပလှုပ်ရှားမှုတွေက ကျောင်းကနေ မသင်ပေးတဲ့ Skill တွေနဲ့ အတွေ့အကြုံကိုရစေတယ်။ မတူညီတဲ့ Backgroundက လူငယ်တွေနဲ့ ပေါင်းပြီးလုပ်ရတဲ့အတွက် တစ်ခါမှ မကြားဖူးတဲ့ အကြောင်းအရာတွေနဲ့ Networking တွေကိုလည်း အလွယ်တကူရစေတယ်၊ ကျောင်းပြင်ပလှုပ်ရှားမှုတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်တာက ကိုယ့် ရဲ့ Personality အတွက်ရော Academic ပိုင်းဆိုင်ရာတွေမှာပါ အထောက်အကူ တော်တော်ဖြစ်ပါတယ်”

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page