top of page

Htet Aung(MOO)

Meet Our Officers ဆိုတာ Youth Society for Education (YSE) မှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေ အဖွဲ့ဝင်တွေရဲ့ အဖွဲ့နဲ့ ပတ်သက်ပြီးသဘောထားတွေ၊ အတွေ့အကြုံတွေကို မျှဝေပေးနေတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ YSE အဖွဲ့ရဲ့ Graphic Designer အဖြစ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကိုထက်အောင်နဲ့တွေ့ဆုံမေးမြန်းထားပါတယ်။

Htet Aung Graphic Designer of Yangon Branch

(1) ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါဦးခင်ဗျ။ ကျွန်တော့်နာမည်က ထက်အောင်ပါ။ လက်ရှိ YSE မှာ Graphic Designer တာဝန် ယူထားပါတယ်။

(2) အစ်ကို့အနေနဲ့ YSE ကို ဘယ်လို စသိခဲ့တာလဲ၊ ပြီးတော့ YSE မှာ ဘယ်လောက်ကြာလုပ်ဆောင်ခဲ့ပြီလဲ။ လက်ရှိမှာကော ဘယ်လို Project မျိုးမှာ ပါဝင်နေသလဲ ဆိုတာလေးပြောပြပေးပါ။

YSE ကို ပထမဆုံးစသိတာကတော့ Facebook post တစ်ခုမှာ Volunteer Job Announcement တစ်ခုအနေနဲ့တွေ့တယ်။ အဲ့ဒါနဲ့ Online မှာ YSE အကြောင်းတွေရှာရင်း စိတ်ဝင်စားတာနဲ့ ဝင်လျှောက်ဖြစ်သွားတာပါ။ အခုဆိုရင် YSE မိသားစုဝင်တစ်ယောက်ဖြစ်လာတာ ၉ လနီးပါးရှိပါပြီ။ အခုလက်ရှိလုပ်နေတဲ့ Project ကတော့ YU မှာ လုပ်သွားတဲ့ Design Thinking Project အတွက် designs တွေ လုပ်ပေးနေပါတယ်။

(3) အစ်ကို့အနေနဲ့ YSE ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုထင်မြင်ပါသလဲ။ YSE အနေနဲ့က အခြေခံပညာသင်ကြားဖို့ အခက်အခဲရှိတဲ့ကလေးတွေအတွက် scholarship program တွေအပြင် တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ပညာ‌ရေးနဲ့ ဆက်နွယ်နေတဲ့ workshop တွေ၊ ကျောင်းပြီးသွားလို့ လုပ်ငန်းခွင်မဝင်ခင် အတွေ့အကြုံရဖို့ Internship program တွေ လုပ်ပေးနေပါတယ်။ နောက်ပိုင်း ကုမ္ပဏီတွေနဲ့ ချိတ်ပြီးတော့ On job training တွေ Internship program တွေ ထပ်ပြီးလုပ်နိုင်မယ်ဆိုရင်တော့ နောက်လူငယ်တွေအတွက်လည်း အကျိုးရှိမယ်လို့ ထင်ပါတယ်။

(4) နောက်ဆုံးအနေနဲ့ YSE မှာ လက်ရှိ လုပ်ကိုင်နေတဲ့ Volunteer တွေကို ရင်ထဲကနေ ပြောချင်တဲ့စကားတစ်ခွန်းလောက်ရှိရင် ဝေမျှပေးပါဦး။

YSE Officers တွေလဲ အခု ၂၀၂၀ မှာပိုပြီးတော့ Project အသစ်တွေ Workshop အသစ်တွေလုပ်ပြီး လူငယ်တွေအတွက် ပရဟိတများများလုပ်နိုင်ပါစေလို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Content - Kaung Htet

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page