Fly - Forgive, Learn, Yield

February 17, 2020

 

မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ YSE ကနေ အပတ်စဉ် တင်ဆက်ပေးနေတဲ့ စကားလုံးလေးများ အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်အတွက်ကတော့ ကျွန်တော်တို့ နေစဉ်ထိတွေ့နေရတဲ့ Fly - ပျံသန်းပါ ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့တွေ မှတ်ယူသင့်တဲ့စကားလုံးအဖြစ်ပြောင်းလဲဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။

"F - forgive - ခွင့်လွှတ်သည်"ဆိုပြီး အဓိပ္ပါယ်ဖွင့်ပါရစေ။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ နားလည်ဖို့ရာ ခွင့်လွှတ်တတ်ဖို့ လိုပါတယ်။ ပြောရရင် ကျွန်တော်တို့တွေ ကြိုးစားကြတယ်။ ကိုယ်မှန်းထားတဲ့ရည်မှန်းချက်ကိုရောက်ဖို့ အချိန်ကြာတဲ့အခါ အဲ့အရာပတ်သက်လို့ စိတ်ညစ်ကြတယ်။ ကိုယ်လည်း လုပ်နေပါလျက်နဲ့ ဖြစ်မလာတဲ့အခါ ဘဝင်မကျတာဖြစ်ကြတယ်။ ကျွန်တော်တို့ လုပ်နေတဲ့အရာ‌တွေထဲမှာ မှားနေတဲ့အရာတွေကိုလည်း သုံးသပ်ဖို့လိုတဲ့အကြောင်း ပြောပြခဲ့ပြီးပါပြီ။ ဒီတော့ ကိုယ်မှားနေတာကို ကိုယ်ကျေနပ်စွာ ခံယူတတ်ဖို့ဆိုရင် ခွင့်လွှတ်တတ်ဖို့ လိုပါတယ်။ အခြားသူတွေကို ခွင့်လွှတ်ပေးဖို့ဆိုတာထက် ကိုယ့်ကိုကိုယ် ခွင့်လွှတ်နားလည်တတ်ဖို့ ကြိုးစားကြဖို့လိုပါတယ်။

"L - Learn - လေ့လာပါ"ဆိုပြီး အဓိပ္ပါယ်ဖွင့်ပါရစေ။ မိမိတိုးတက်ရာအတွက် မိမိတို့ဘဝ အောင်မြင်ဖို့အတွက် ရင်းနှီးမြှုပ်နှံအားထုတ်တဲ့နေရာမှာ လေ့လာမှုတွေ ဆက်တိုက်လုပ်ဆောင်ဖို့ လိုပါတယ်။ အားလုံးကိုသိနေတတ်နေဖို့အတွက် မဟုတ်ဘဲ ကိုယ့်မှာ လိုအပ်နေတဲ့အရည်အချင်းတွေကို ထပ်မံဖြည့်ဆည်းဖို့အတွက် လေ့လာဖို့ လိုပါတယ်။ ပတ်ဝန်းကျင်အကြောင်း လေ့လာပါ။ ခေတ်အခြေအနေအကြောင်း လေ့လာပါ။ မိမိတိုးတက်ရာတွေကို ဘယ်မှာ ရှာဖွေလေ့လာမလဲဆိုရင်တော့ အင်တာနက်ခေတ်ကြီးမှာ Youtube တို့ Google တို့ကနေ ကိုယ်သင်ချင်တဲ့အကြောင်းအရာ၊ ကိုယ် လေ့လာချင်တဲ့အကြောင်းအရာ များစွာကို ရှာဖွေလေ့လာနိုင်ပါတယ်။

"Y - Yield - ဖြစ်ထွန်းသည်"ဆိုပြီး အဓိပ္ပါယ်ဖွင့်ပါရစေ။ ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်လာတဲ့အခါမှာ သောကတွေ ပူလောင်မှုတွေ လျော့နည်းပြီး စိတ်ကြည်နူးနေပါမယ်။ အလုပ်လုပ်တဲ့အခါ စာကျက်တဲ့အခါဖြစ်ဖြစ် စိတ်ကြည်လင်နေရင် ကိုယ့်အလုပ်အပေါ် အာရုံစူးစိုက်မှုအားကောင်းလာပါမယ်။ အဲ့ဒီအခါ ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အသီးအပွင့်ကို ခံစားပြီး ကိုယ်ရောက်ချင်တဲ့ခရီးလမ်း၊ ပန်းတိုင်တွေကို တောက်လျှောက် ရယူနိုင်သွားမှာဖြစ်ပါတယ်လို့ ပြောကြားပါရစေခင်ဗျာ။ ဒီနေ့ကစလို့ သောကတွေကင်းဝေး ဒေါသတွေ ကုန်ဆုံးကာ လွတ်လပ်စွာ ပျံသန်းနိုင်ကြပါစေဗျာ။

ဒီလို အင်္ဂလိပ်စကားလုံး လက်ဆောင်လေးတွေကို အပတ်စဉ်တိုင်း တင်ဆက်သွားမှာမို့ နောက်အပတ်တွေမှာ ဘယ်လိုစကားလုံးလေးတွေ တင်ဆက်ပေးသွားဦးမလဲဆိုတာ စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ ဖတ်ရှုခံစားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီစာလေးကိုဖတ်လိုက်လို့ တစ်စုံတစ်ရာ အမြင်လေးတွေ တိုးသွားမယ်ဆိုရင်လည်း သင့်သူငယ်ချင်းတွေကို ဝေမျှပေးလိုက်ကြပါဦး။

Graphic Design - Thet Wai Htun

Share on Facebook
Share on Twitter
Please reload

Featured Posts

YSE at Burmese Literary Talk

September 26, 2017

1/1
Please reload

Recent Posts