top of page

Cho Zin Than(MOO)

“Meet Our Officers”

Meet Our Officers ဆိုတာ Youth Society for Education (YSE) မှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေတဲ့ အဖွဲ့ဝင်တွေရဲ့ အဖွဲ့နဲ့ပတ်သက်ပြီးသဘောထားတွေ၊ အတွေ့အကြုံတွေကို မျှဝေပေးနေတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ YSEအဖွဲ့ရဲ့ Community Outreach Project Director အဖြစ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ မချိုဇင်သန်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါခင်ဗျ။

ဖြေ။ ။မင်္ဂလာပါ။ အမနာမည်ကတော့ ချိုဇင်သန်းပါ။ လက်ရှိမှာတော့ ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးအထူးပြုဘာသာရပ် (ဂုဏ်ထူးတန်း-တတိယနှစ်)ကို တက်ရောက်နေပါတယ်။ YSEမှာတော့ Community Outreach Project Director အဖြစ် လုပ်ကိုင်ပေးနေပါတယ်။

မေး။ ။ အစ်မအနေနဲ့ YSE ကို ဘယ်လိုစသိခဲ့တာလဲ။

ဖြေ ။ ။အမ YSEကို စသိခဲ့တာက MYEOpage ကနေတစ်ဆင့် သိခဲ့တာပါ။ အစ်မကိုယ်တိုင်လည်း MYEOအပြင် Google ကနေတစ်ဆင့် YSE နဲ့ပတ်သက်တဲ့ အချက်အလက်တွေလိုက်ဖတ်ဖြစ်တယ်။ အဲ့ဒီကတစ်ဆင့် ဒီအဖွဲ့က မြန်မာနိုင်ငံမှာအပြင် USဘက်မှာပါ ပညာရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ကူညီပေးနေတယ်ဆိုတာသိလာရတယ်။ နောက်တစ်ခုကလက်ရှိမှာလုပ်ကိုင်နေတဲ့ Leaderတွေရော၊ Officer တွေရော၊ Intern တွေရော တက်ကြွတယ်ဆိုတော့ အမအနေနဲ့ Volunteer လုပ်ဖို့လျှောက်ခဲ့တယ်။ အစ်မအနေနဲ့ မနှစ်က အောက်တိုဘာလောက်မှာ စပြီး ဝင်တာဆိုတော့ တစ်နှစ်ပြည့်တော့မယ်ပေါ့နော်။ လက်ရှိမှာတော့ Community Outreach Pro/ject Director အနေနဲ့လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ရန်ကုန်မှာလုပ်တဲ့ Long Term Program တွေဖြစ်တဲ့ Scholarship တွေ၊ ပြီးတော့ AIESEC နဲ့တွဲလုပ်တဲ့ Photo Competition တွေ Handwork Workshop တွေနဲ့ Design Thinking Workshop တွေမှာရော အစ်မအနေနဲ့ ဦးဆောင်ပါဝင်ဖြစ်ပါတယ်။

မေး ။ ။ အမအနေနဲ့ YSEရဲ့လုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုထင်မြင်ပါသလဲ။

ဖြေ။ ။ ပညာရေးမှာလိုအပ်ချက်ရှိနေတဲ့သူတွေအတွက် လူငယ်တွေကပဲ ဦးစီးဦးဆောင်လုပ်နေတဲ့အပြင် စေတနာအရင်းခံပြီး ပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် လုပ်ရှိလုပ်နေတဲ့ Activities တွေက ကလေးတွေသာမကဘဲ အစ်မတို့ လူငယ်တွေအတွက်လည်း အကျိုးရှိမယ်ဆိုတာ အစ်မအနေနဲ့ ယုံကြည်ပါတယ်။ ပြီးတော့ အစ်မတို့အနေနဲ့လည်း နောက်ပိုင်းမှာ ပညာရေးမှာပိုပြီး ထောက်ပံ့သွားနိုင်အောင် ကြိုးစားပေးသွားပါမယ်။ အဲ့တော့ နောက်ပိုင်းမှာ YSEအနေနဲ့ ပညာရေးမှာလိုအပ်ချက်ရှိနေတဲ့သူတွေအတွက် Right for education ကို ပြည့်ပြည့်ဝဝ လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ YSE မှာ လက်ရှိလုပ်ကိုင်နေတဲ့ Volunteer တွေကို ရင်ထဲကနေ ပြောချင်တဲ့ စကားတစ်ခွန်းလောက်ရှိရင် ဝေမျှပေးပါဦးခင်ဗျ။

ဖြေ။ ။ ခုနက ပြောသွားသလိုပါပဲ။ YSE ဟာ လူငယ်တွေ ဦးဆောင်နေတဲ့အဖွဲ့ဖြစ်တာကြောင့် အစ်မတို့ Yangon branch မှာရော အခြား Branch တွေမှာပါ တက္ကသိုလ်ကျောင်းသားတွေ၊ Fresh Graduate တွေ ပါတယ်ပေါ့နော်။ အကုန်လုံးက ကိုယ့်အလုပ်ကိစ္စနဲ့ကိုယ် မအားလပ်ကြဘူး။ ဒီမအားတဲ့ကြားထဲက လူငယ်တွေရဲ့ ပညာရေးအတွက်အားတက်သရော် လုပ်ပေးကြတဲ့အတွက် တကယ့်ကို အများကြီးကျေးဇူးတင်ပါတယ်။ ပြီးတော့နောက်ပိုင်းမှာလည်း လူငယ်တွေရဲ့ Right for Education တွေ၊ Quality Education တွေရဖို့လုပ်ဆောင်တဲ့ Project တွေမှာတူတူလုပ်တွဲပြီး လုပ်ဆောင်ချင်ပါသေးတယ်လို့ပြောချင်ပါတယ်။

Graphic - Phyu Sin Mon Myat

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page