The Education System that I (We) Want Video Contest

July 30, 2018

 

 

ရွေးချယ်ခွင့်သာရှိမယ်ဆိုရင် ဘယ်လို ပညာရေးစနစ်မျိုးကို ကျွန်ုပ်တို့ အလိုရှိတာလဲ ????
ပြောင်းလဲခွင့်သာရှိမယ်ဆိုရင် ကျွန်ုပ်တို့ ကြုံတွေ့နေရတဲ့ ပညာရေးကို ဘယ်လိုမျိုး အရည်အသွေးမြင့်အောင် အဆင့်အတန်းမြင့်အောင် ဆောင်ရွက်မလဲ????

ပညာရေးစနစ် အရည်အသွေးမြှင့်တင်မှုနှင့် ပတ်သတ်၍ ကျောင်းသားလူငယ်များ၏ ကိုယ်ပိုင်အတွေးအမြင် ထက်သန်စေရန်နှင့် မိဘပြည်သူများအားလုံး စိတ်ပါဝင်သားစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး Youth Society for Education မှ ဦးဆောင်၍ ကျွန်ုပ်(တို့) မျှော်မှန်းသော ပညာရေး စနစ် ခေါင်းစဉ်ဖြင့် ရုပ်ရှင်ပြိုင်ပွဲကို ကျင်းပ ပြုလုပ်မည်ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများ ပါဝင် ယှဉ်ပြိုင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။

 

ဆုချီးမြှင့်မှု
" အကောင်းဆုံး Video ဆု (အကြီးတန်း) - ၃၀၀၀၀၀ ကျပ် 
" အကောင်းဆုံး Video ဆု (အငယ်တန်း) - ၃၀၀၀၀၀ ကျပ်
" လူကြိုက်အများဆုံး Video ဆု (အကြီးတန်း + အငယ်တန်း) - ၅၀၀၀၀ ကျပ်

ပြိုင်ပွဲစည်းကမ်းများ


၁။ ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရာ၌ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပါဝင်ယှဉ် ပြိုင်နိုင်ပါသည်။ အဖွဲ့လိုက် ယှဉ်ပြိုင်ရာတွင် အဖွဲ့ဝင်ဦးရေ ၅ဦးထက် မပိုရပါ။
အကြီးတန်း - ၂၄ နှစ် မှ ၃၀ နှစ် 
အငယ်တန်း - ၁၆ နှစ် မှ ၂၃ နှစ်
(အငယ်တန်းအုပ်စုများ၌ အသက် ၂၄ နှစ်နှင့် အထက်ရှိသူ ပါဝင်ပါက အကြီးတန်းအနေဖြစ်သာ ပါဝင်ခွင့် ပြုပါသည်။)

 

၂။ Video ကြာချိန် အနည်းဆုံး ၂ မိနစ် မှ ၄ မိနစ် အတွင်းဖြစ်ရမည်။

 

၃။ ပြိုင်ပွဲဝင်လျှောက်လွှာကို September 15 ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရပါမည်။ ပြိုင်ပွဲဝင်ရန် အောက်ပါ လင့်ခ် http://tiny.cc/4y24vy မှ ပြိုင်ပွဲဝင်လျှောက်လွှာကို ဖြည့်၍ ဝင်ရောက် လျှောက်ထားနိုင်ပါသည်။ ပြိုင်ပွဲဝင်လျှောက်လွှာ ဖြည့်သွင်းရန် အခက်အခဲရှိပါက Facebook (Youth Society for Education) မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင် ပါသည်။

 

၎။ Video ကို ပြိုင်ပွဲဝင်သူ/အဖွဲ့အမည်၊ Video ခေါင်းစဉ် နှင့်တကွ videocontest@ysenpo.org သို့ September 15 ရက်နေ့ မတိုင်မီ နောက်ဆုံးထား၍ ပေးပို့ရ ပါမည်။

 

၅။ ၀င်ရောက်ယှဉ်ပြိုင်သော Video အားလုံးကို YSE Facebook Page တွင် မဲကောက်ခံရန် တင်ပြသွားမည်ဖြစ်ပြီး မဲပေးကာလမှာ September 20 ရက်မှ October 31 ရက်နေ့ ထိ ဖြစ်သည်။ မဲပေးကာလအတွင်း Likes/Reacts အများဆုံးရသော Video ကို လူကြိုက်အများဆုံး Video အဖြစ် ရွေးချယ်ပါမည်။

 

၆။ အကောင်းဆုံး Video ဆုများရွေးချယ်ရာတွင် YSE မှဖွဲ့စည်းထားသည့် ပညာရေးနယ်ပယ်၌ အတွေ့အကြုံ ရှိသူများနှင့် ရုပ်ရှင်ဖန်တီးမှု အနုပညာတွင် အတွေ့အကြုံရှိများပါဝင်သော ဆုရွေးချယ်ရေး ကော်မတီမှ အကဲဖြတ် အမှတ်ပေးမည် ဖြစ်ပါသည်။

 

ပြိုင်ပွဲဝင် စည်းကမ်း နှင့် အမှတ်ပေးပုံ အသေးစိတ်ကို YSE Facebook Page: Video Contest Album တွင်လေ့လာနိုင်ပါသည်။

 

Share on Facebook
Share on Twitter
Please reload

Featured Posts

YSE at Burmese Literary Talk

September 26, 2017

1/1
Please reload

Recent Posts